Sunday, August 31, 2008

လပြည့်ည၏ ဆုတောင်း

ကောင်းကင်အနက် နောက်ခံက
တိမ်စင်လမင်း..
သူလည်း ကျမလိုဘဲ..
တကိုယ်ထဲပျင်းနေ..
ည၏ ညီမ စန္ဒာ..
သူရိန်နေမင်းကို..လွမ်းလျှစွာ..

သိပ်လှပတဲ့ လပြည့်ညတွေမှာ
မောင် ဘာတွေလုပ်နေပါလိမ့်။
လွမ်းနေမှာလား..ဖုံးခေါ်မလား..
ဒို့ တတွေ ဝေးနေချိန်။

လရောင်ခြည်ဖြန်းတဲ့ညတိုင်း.
လမင်းကို ကြည့်ရင်း.တမ်းတမ်းတ
လွမ်းရသည်..သူ့ ကို..
သတိရသည်..သူ့ ကို။

ပွင့်လင်းရိုးသားစွာ
တွယ်တာတဲ့ နှောင်ကြိုး..
တရစ်ရစ်တိုး.တသက်စာရွယ်ကိုး..

ပြည့်လမင်းရေ..
ခလေးဘဝ ကလို..
“ထမင်းဆီဆမ်း..
ရွှေလင်ဘန်းပေးပါ။
ဝါ..ဝါ..ဝါ..”

ပူဆာ..မတောင်းလိုပါဘူး..
သူနဲ့ တစ်ကြိမ်တစ်ခါဘဲ ဖြစ်ဖြစ်..
တွေ့ ဆုံ ကြုံတွေ့ ခွင့်
ရင်ဆာမောဟိုက်.. မျှော်တလင့်လင့်
လိုချင်မိတာ…တခဏလေးဘဲချစ်ခွင့်။

မ (၈။၃၁။၂၀၀၈)

ဒို့ တတွေရဲ့...နောက်ဆုံးအချိန်

နောင်လာမဲ့ နှစ်..၃၀ မှာ..
ကျမ တို့  နှစ်ယောက်ရဲ့ ဘဝ ..
ပန်းနွမ်းတွေလို..ကြွေကျသွားမှာပါ။

မြေမှုန့်  က..စတဲ့ဘဝ
မြေမှုန်ကိုဘဲ ပြန်ဖြစ်
မြေဆီလွှာထဲပျော်ဝင်မဲ့..ကျမတို့ အရိုးတွေ.
ဒါ..မမြဲတဲ့..သဘာဝလေ။

ကျမ..နဲ့မောင်..
ဘယ်သူ..အရင် သွားမလည်း..
ဘယ်သူမှ မသိကြပါဘူး..
ဘယ်ဗေဒင်ဆရာမှလည်း မပြောနိုင်ပါဘူး။
သေချာတာ တခုဘဲရှိတယ်။
ကျန်ရစ်သူကတော့ ခံစားရမယ်။
ကျမ တို့ နှစ်ယောက် သိပ်ချစ်တယ်။

ကျမရဲ့ဘဝ..ဖယောင်းတိုင်မီးစလို..
ရုတ်ခြည်း ငြိမ်းခဲ့ရင်..
မောင့်ကို..အနားမှာရှိ..
လက်ကလေးကို..ကိုင်ကြည့်ချင်ပေမဲ့..
သူ့ ရဲ့ စိုစွတ်တဲ့မျက်လုံးတွေ..
ကျမ မကြည့်ရဲပါဘူး..
ကြေကွဲနေမဲ့ မျက်နှာ..
သူရဲ့ ခံစားလွန်ဝေဒနာ.
ကျမ မပေးရက်ပါဘူးမောင်။

တကယ်လို့  ကျမ အရင်သွားရင်..
သူ့ ကို..ကျမ အကြောင်း..
သူငယ်ချင်းများရယ်..သတင်းမပေးကြပါနဲ့ ။

လေပြည်တွေထဲ ချက်ခြင်းပျောက်..
စိမ်းကားတတ်သူတယောက်
သူ့ ကို ခြေရာဖျောက်သူ..
မိန်းမရိုင်းလို့  ကျမကို သူ..
မြင်သွားပါစေ..ထင်သွားပါစေ..
ကိစ္စ မရှိပါဘူး။
သူ့ အချစ်ကို ကျမ ရသလို
သူ့ အမုန်းကို ယူသွားရဲတယ်။
စိတ်နာ..သူ မုန်းပါစေ။
မုန်းတာက..ဆုံးရှုံးတာထက်..
မနာကြင် လောက်ပါဘူး။

အချိန်တွေကြာ..သူသက်သာလာမှာဘဲ။
သူရင်ထဲ..ကျမအတွက်
မဆွေးမြေ့စေချင်ဘူး..
ကျမ သူ့ ကို ချစ်တယ်။

တကယ်လို့ ..သူအရင်..သွားမယ်ဆို..
သူ့ နောက်ဆုံးရက်များ..
အနားမှာ..ကျမ.နေပါရစေ။
ခန္ဓာ နာကျင်..သူ့ စိတ်ညိုညင်..
ဟောက်ချင်ဟောက်..ကျမမကြောက်ပါဘူး။

အေးစက်စပြု သူ့ လက်..
ကျမ ဆုတ်ကိုင် နွေးထွေးပေးပါရစေ။
တိုးညှင်းစ..ထွက်သက်..
ကျမ..ဘုရားစာရွတ်ပေးပါရစေ။
ခြောက်နေစ..ဆံနွယ်တွေ သပ်..
ကျမ အသံတွေ..မတုန်ရီအောင်..
ဟန်ဆောင်တတ်မှာပါ။

စိုနေမဲ့မျက်ဝန်း..
မျက်ရည်ကို မကျအောင်
အံခဲ သိမ်းတတ်မှာပါ။

သူရဲ့နောက်ဆုံးအချိန်တွေ အတွက်..
ကျမ အဆင်သင့်ရှိနေတယ်..
ကျမ ..သူ့ ကို..ရင်နင့်အောင်ချစ်တယ်။.

မ (၈။၃၁။၂၀၀၈)

အတွင်းဆွေးမြေ့ ရင်၏ အလွမ်း.


အမှန်တိုင်း ပြောချင်တယ် ...
နားထောင်ပေးမလား..
မျက်စိလေး ခဏလောက်မှိတ်
တိတ်တိတ်ကလေး..နားထောင်..
ရိုးရိုးစင်းစင်း..ပြောလိုက်မယ်.
အမြဲတမ်း..မောင့်ကိုချစ်တယ်။.

မလိမ်တမ်း ပြောချင်တယ် ...
ယုံကြည်ပေးမလား..
မျက်စိလေး ခဏလောက်မှိတ်
တိတ်တိတ်ကလေး..နားထောင်..
တိုးတိုးကလေး..ပြောလိုက်မယ်.
အချိန်တိုင်း မောင့်ကိုလွမ်းနေတယ်။.

တနေ့ တနေ့ ..မနက်က..ည..
ညကနေ မနက်..
ဘယ်ဘဲသွားသွား..ဘာဘဲလုပ်လုပ်..
အချိန်တိုင်းဘဲ မင်းအကြောင်း..
အတွေးတိုင်းဘဲ..မင်းအကြောင်း..

တမ်းတ ရတဲ့နေ့ တွေ...
အိပ်ရေး ပျက်ခဲ့တဲ့ညတွေ
ဖမ်းစား အဆိပ်တက်
ကလူ.နှိပ်စက်
ဘယ်တော့လည်း နီးမဲ့ရက်..
မျှော်လင့်ရက်များ..တဖြုတ်ဖြုတ်ကြွေ..
ရာသီတွေပြောင်း..
နွှေမိုးဆောင်း..
အော်..
ပိုချစ်သူသာ..ခံစားရမြဲ
မလွမ်း..ဘယ်သူနေ..
ကျမရင်ထဲမှာ..ခုထိ..ဆယ်နွေ..

မ (၈။၃၁။၂၀၀၈)

ဥမင်လှိုင်ခေါင်းရဲ့ အခြားတစ်ဖက်။

အလင်းခြည် ပျောက်ခဲ့တဲ့..
အမှောင် လှိုင်ဂူတွင်းက ည..
ချောက် အိမ်မက်ဆိုးတွေကြား..
စမ်းတဝါး..ညလမ်းလျှောက်သူ..
အဝေးရိပ်က..ထွက်ပေါက်..
အလင်းရောင် ..အောက်မှာ..
မင်းကို.ငါတွေ့ တယ်..
နှင်းဆီဖူး..တခက်..
ဘဝအတွက်..သေရည်တခွက်.
ငါ့ အတွက်တော့ ..မနက်ဖြန်..
မင်းအတွက်..ရှင်သန်ချင်တယ်။

မျှော်လင့်ချက် လှေအိုကို
တက်မပါလည်း..
ငါဆက်လက်..ဖက်တွယ်ထားဆဲ။
ရှင်သန်လာမဲ့ ဝိညာဉ်အမဲကို
အဖြူရောင် ကြိုးစားချွတ်နေမြဲ။
နာကျင်မှု..ဒဏ်ရာတွေ..
ဖန်ရေဆေး..သန့် စင်ခဲ့..
မင်းရဲ့..ကြင်နာယှက် လက်မောင်းတွေကြား
လှပတဲ့ ခရမ်းပြာအိမ်မက်..
ငါတက်မက်စွာ..ဆက်မက်ချင်ရဲ့..

အချစ်ရှုံးခဲ့တဲ့ငါ..
ပစ်စလက်ခတ်..ဖုံတက်နေသော နှလုံးသား..
သေဆုံးခဲ့သော..အချစ်များ..
မင်းနဲ့ကျမှ..ပြန်ရှင်..
မှော်ဆရာ မန်းမှုတ်ခဲ့လို့ အသက်ပြန်ဝင်
ငါ့ဘဝ
တဖန်..လန်းဆမ်းခဲ့ရ..
ကန္တာလမ်းက..သစ်ခြောက်တစ်ပင်။

မ (၈။၂၁။၂၀၀၈)

Forever in love




Ancient Roman lovers, locked in an embrace for 6,000 years






FOREVER

Author: Megan K.

Forever takes me by a minute,
While I’m here with you.
I’m falling even more in love,
With everything you do.

Hold me in your arms,
Look deep into my eyes,
Don’t turn away and let me go,
Don’t ever tell me lies.

I swear I’ll never loose you,
In my arms I’ll always hold.
I’ll never let you slip away,
And leave nothing left untold.

There aren’t enough hours,
In each passing day,
To find all the words,
I wish I could say.

Your kiss will last forever,
Your touch forever warm.
You’ll guide me to the sunlight,
And shield me from the storm.

This is what I’m saying,
With everything that’s true,
I swear on my life,
That I really do love you.

Saturday, August 30, 2008

ဖွဖွကလေး...အိပ်မွေ့ ချ

တိုးတိုးကလေးသက်ပြင်းချသံ
အာဖရိကန် ဗုံသံတွေနဲ့ 
နတ်ဝင်ပူးနေတဲ့ ရင်ခုန်သံ.

မပွင့်တပွင့် စကား..
ချစ်သလား သူမေးတဲ့အခါ..
လှိုက်ဖိုသိမ့်သိမ့်..
အနမ်းနဲ့သိပ်တဲ့အခါ..

ည အမှောင်ရယ်..
လင်းရောင်လက် ကြယ်တွေကြား..
လေအလာ မွေးပျံ
စပ္ပါယ်ပန်းနံ့ တွေကြား..
အသံနဲ့  ကဗျာ..
ကြင်နာတဲ့ သံစဉ်ကြားမှာ
သူလေ ပဉ္စလက် မျက်လှည့်ပြခိုက်
ကိုယ်..အိပ်မွေ့ ချခံထိလိုက်တယ်။
သူကတော်တာလား..
ကိုယ်က " အ" တာလား..

မ (၈။၃၀။၂၀၀၈)

နှင်းဆီပွင့်ချပ်များ အပေါ်မှာ သတိလက်လွတ်


မျက်နှာလေးတစ်ခုက..
အဖြူအမဲ အိမ်မက်..
ညည မက်တဲ့အခါ..
သိလိုက်တယ်.
အချစ်ရဲ့ဖမ်းစားမှူအောက်..
ကိုယ်တိမ်းပါးခဲ့ပြီ။

“မ” လို့  ခေါ်တဲ့အသံလေးတစ်ခုက..
ပျားရည်လေးလို နားဝမှာ
ချိုကနဲ ဆင်းသွားတဲ့အခါ..
သိလိုက်တယ်.
အချစ်ရဲ့ ပင့်ကူမျှင်ထဲ
ကိုယ် ငြိသွားခဲ့ပြီ။

သတိနဲ့ ချပ်.
သမာဓိနဲ့ ..အချစ်ကို သတ်ခဲ့လည်း.
တည်ငြိမ်စ..ကန်ရေပြင်ရဲ့
နားထင်အစပ်ကို
အမှတ်မထင်လာ နမ်းလိုက်တဲ့..
လေညှင်းရဲ့..ကဝေနှုတ်ခမ်းတွေကြား
မူးမိုက်စွာ လဲကျသွားတယ်.
နှင်းဆီပွင့်ချပ်များရဲ့ အလယ်။

မ (၈။၃၀။၂၀၀၈)

Thursday, August 28, 2008

ကျီစယ်သလားကွဲ့ .. မြှားနတ်မောင်

မြှားနတ်မောင်ကလေးကဘဲ..
တပျော်တပါး ဂျွမ်းထိုး..
ဘယ်သူဘဲထိထိ ပစ်လိုက်မိသလား..
တမင်သက်သက် ရည်ရွယ်
ဖူးစာမှန်လို့ ဘဲပစ်သလား..

ထိချင်ထိထိ..မထိလည်းထိ..
ပစ်သည့် အဆိပ်လူးမြှား.
ထုတ်ချင်းပေါက်တဲ့ နှလုံးသား
အသွင် မတူ..
ဘဝ မတူတဲ့ သူ နှစ်ယောက်..
အချစ်ကြောင့် မှောက်ရက်လဲပြီ။
ဆေးကုသ..ခက်လွန်းသည်။.

သူမှ သူဘဲ..စွဲ..
ကိုယ်မှ ကိုယ်ဘဲ စွဲ..
ရီစရာ ဟာသ တပုဒ်လား
အချစ်ပုံပြင်လွမ်း တပုဒ်လား။

ကြေကွဲရင်လည်း ..ရက်စက်
ဝေခွဲမရ..အိမ်မက်...
အချစ်နဲ့ တွေ့  လူတွေဟာ မျက်ကန်းသက်သက်
ဓါးသွားပေါ်က ပျားရည်စက်
လိုချင်တက်မက်..တူတူ ရက်
တဒင်္ဂ အတွက်ဘဲ..ရှင်မဲ့အသက်။

ဘာတွေ ဖြစ်မလဲ မနက်ဖြန်..
မသိတာ အမှန်ပေမဲ့
လက်ရှိရဲ့ ပစ္စုပ္ပန် ကာလ..
ပန်းမွေ့ ယာပေါ်လွန့် လူး
မသေခင်..ပန်းသီးလေးတော့ ခူးပါရစေ။

မ (၈။၂၈။၂၀၀၈)

ရန်တွေ ဖြစ်ပြီးရင်..ပြန်ချစ်မယ်။


တစ်ခါတစ်ခါ..ကျီစား
နောက်ပြောင်..မှားခဲ့ရင်..
စိတ်ညိုညင်..
ပြန်ခေါ်ပါ့မလား…ဟင်..

တစ်ခါတစ်ခါ..အမြင်မှား
သံသယ..များခဲ့ရင်..
စိတ်တိုလျှင်..
ကြည်ဖြူပါ့မလား..ဟင်..

တစ်ခါတစ်ခါ..လင်နဲ့ မယား
လျှာနဲ့  သွား
ကတောက်ကဆများ
ပြန်ချစ်ပါ့မလား..ဟင်..

မတူညီတဲ့လူသား..
ယုံကြည်တာကိုင်စွဲ..
အမြင်တွေ..ဆွေးနွေးရင်
နားလည်ပါ့မလား..ဟင်..

တခါတရံ..ဒို့ နှစ်ယောက်..
အဖုအထစ်..ရန်တွေ..ဖြစ်ကြမှာဘဲ
ရန်ဖြစ်ရင် နှုတ်ခမ်းဆူ
ခြေဆောင့်..စိတ်ကောက်ကြမှာဘဲ
အပြောလွဲ.. စိတ်ဆိုးကြမှာဘဲ
အတင်လွဲ.. ညိုညင်ကြမှာဘဲ။
ဒါက ကိစ္စမဟုတ်ဘူး။

တခြမ်းစီစ..တဘဝ..
မောင်နဲ့  ကျမ.မှာ..
မောင်မရှိ..စိတ်ညစ်..
ကျမ မရှိ..မောင်လွမ်းရစ်..
စိတ်တွေတို..အလိုမကျလည်း
သဝန်တွေတို..သံသယနဲ့ ကြည့်လည်း
အပြစ်ဆို.. ..မျက်နှာညိုကြလည်း..
ရိုးသားအမှန်မြင်..ပွင့်လင်းဆိုကြ
ညှိနှိုင်းကြမည်။
မှားသူတောင်းပန်..
မှန်သူ အနိုင်မယူရန်..
"ဆောရီး" ဆိုပြီး..ပြုံးဖြီးဖြီးသာဆို..
ရန်ဖြစ်ပြီးရင်..ပြန်ချစ်တတ်ဖို့ ဘဲလို။

မ (၈.၂၈.၂၀၀၈)

တဖန်ပြန်လည်..မျှော်လင့်ခြင်း

ရေအလာ..မြောင်းမပေးတတ်ပေမဲ့
သူ့မြင်တယ်.
ကျမရဲ့..သံယောဇဉ်ကြိုးမျှင်လေးတွေ..

လူကြီးလို…ဟန်လုပ်ရပေမဲ့
ကျမမြင်တယ်..
သူ့ ရဲ့ အကြင်နာပွင့်တွေ..

ရိုးရိုးပုံပြင်..ချစ်ခဲ့ကြပေမဲ့
ဆန်းပြားခဲ့ ဂန္ဓ၀င်..
တစ်နေ့ ထက်တစ်နေ့ ပိုချစ်မိတာ..

သစ်ပင်မြစ်လို..
ခိုင်မြဲထု..တည်ဆောက်မဲ့အခြေ..
လန်းဆန်းဝေဖြာ.
မျှော်လင့်ချက်သစ်ရွက်..ရှင်သန
ဖူးငုံပန်းလို..မေတ္တာများ.. ပွင့်ချပ်ဝေသီ
နေခြည်လို သွန်းလောင်းတဲ့.ရဲရင့်မှုတွေ..
ကြိမ်နွယ်မျှင်..တွယ်ရှက်ဖြတ်မရ..ဒီသံယောဇဉ်
မယုံကြည်နိုင်အောင်..
ဒို့ နှစ်ဦးသား ပြောင်းလဲခဲ့ပြီ..

အချစ်ဆိုတဲ့..
စီးဆင်းခဲ့..ပျားရည်မြစ်ချို..
အားအင်သစ်တဖန်..နိုးထရှင်သန်.
ဘဝ၏..သစ်ပင်ပျို.
မောင်နဲ့သာဆို..
ကျမ..ပြန်တည်ဆောက်လို။

မ (၈။၈။၂၀၀၈)

အဖေါ်ဟူသည်...


ငယ်ငယ် ကလေးဘ၀..
လမ်းလျှောက်တဲ့အချိန်လဲကျ..
ငိုပြခဲ့ရင်..
ကြင်နာစွာ..အားပေးသင်ပြ..
ကိုယ့်ဖာသာကိုယ်ပြန်ထ
ဥုံဖွ..ဥုံဖွ..

ကြီးလာတဲ့အခါ..
ရင်ဆိုင်ကြုံရ..
ဘဝက မုန်တိုင်းစ..
တယောက်ထည်း
လှိုင်းလုံးများပေါ်မြုပ်လိုက် ပေါ်စ
အားမငယ်နဲ့ နော်..
ဒါဟာလေ ဘဝ။

တွဲလက်ခိုင်ခိုင်..မပျက်တမ်း..ဆက်ချစ်ကြ.
အဖေါ်ကောင်းသာ..တသက်ထာဝရ..
ကျမ..ဆိုမယ်
မောင်.လဲကျခဲ့ တဲ့ အခါ..
နောက်ဖက်မှာ..ကျမ ရှိတယ်..
အားတင်းကာ..ထပ်ကြိုးစားနော်မောင်..
ဥုံဖွ..ဥုံဖွ..

မ (၈။၂၈။၂၀၀၈)

ပျောက်နေတဲ့ အဖြေ။

နေမင်းနဲ့ လမင်း..
မနက်က..ည..
မိုးကုတ်စက်ဝိုင်းက..စ.
မိုးကုတ်စက်ဝိုင်း မှာဆုံး
လိုက်တမ်းပြေးတမ်း ကစားရင်း..
တစ်ရက်ပြီး တစ်ရက်..
သစ်ရွက်လို.ကြွေ.
ခြစားနေဆဲ လွမ်းရက်များ.
အော်..
အသဲနှလုံးကို သဖန်းပင်ပေါ်သာ..ထားခဲ့ချင်ရဲ့
လွမ်းဝေဒနာ..ရင်၌ မဆံ့ခဲ့။

ရင်ခုန်သံတွေနဲ့ ကြည်နှုး
ပင်လယ်မြူးတဲ့ ညနေ..
ကုန်သည်လေတွေ တိုက်တဲ့ အခါ..
ကျမကို ..ဆောင်ယူသွားမလား..
ချစ်သူရှိရာသွားဖို့ ရာ..
လှေကြုံစီး..လိုက်ခွင့်ပေးပါ။

လူလောကထဲ..
မွေးဖွား ကြီးပြင်းတဲ့ လူအချင်းချင်း..
ဘာလို့ များ..ကြမ္မာက ညှင်း..
တခြားသူတွေ..ရယ်မောသံတွေ ချိုလွင်နေဆဲ
ကျမတို့ ကံနည်း..… ငိုကြွေး ရှိုက်နေကြဆဲ

ဒီနေ့ လည်းလေ..
နေ၀န်းက..တူတူသွားပုန်း..
လမင်းလုံးကြီးက..ထွက်..
တူတူနေရမဲ့ တရက်ရယ်..
ဘဝထဲက အနှုတ်..
ဇီဝိန်ချုပ် ခဲ့ပြန်ပြီ။

ကျန်နေသေးတဲ့..ရှင်သန်ဆဲ
ဘဝရဲ့ သက်တမ်းရက်များ..
ဘယ်လိုများ ဆွဲဆန့် ရမလဲ..
ချစ်သူအနား..နေဖို့ ရာ။
အဖြေမရှိတဲ့ ပုစ္ဆာ။

မ (၈။၂၈။၂၀၀၈)

Wednesday, August 27, 2008

သီချင်းများနဲ့  အိပ်စက်ခြင်း

ညထွက် ဌက်တွေ..
ကောင်းကင်ပေါ်ကအော်
သန်းခေါင်ကျော်သော်လည်း..
နာရီသံ တချက်ချက်
သက်ပြင်းချ..ရှိုက်သက်
အိပ်မရ..ဒီတစ်ညလည်း.
ကျမ..တစ်ယောက်ထည်းဘဲ မောင်။

လမင်းက ငုံကြည့်
လှောင်နေသည့် အလား.
လရောင်ဖြန်းပက်တဲ့..ကျမအိပ်ရာ
မင်းနေရာက လပ်နေဆဲ
မင်းကိုယ်ငွေ့ မဲ့  အေးစက်နေခဲ့
လွန့် လူး အိပ်မရ..
မျှော်လင့်သမျှ စိတ္တဇ..
ရင်ခွင်မှာ..လေပွေဝဲတဲ့ည။

ကဗျာ တပိုင်းတစ်စ..
ကာရံ မညီ့တညီ..ရင်ကွဲ
အချစ်သီချင်းလေးတွေ.
ဖွင့်နားထောင်နေဆဲ
ဒီလိုဘဲ အဆုံးသတ်ခဲ့ရ..
မိုးလင်းခဲ့ ရက်များစွာ
ကိုယ့်ဘဝ…
သံစဉ်လေးတွေနဲ့ဘဲ..အိပ်စက်ရတယ်။
သိပ်လွမ်းတယ်..ငယ်။

မ (၈။၂၇။၂၀၀၈)

မျက်နှာလိုက်တာ မုန်းစရာ။



စက္ကန့် တန်ကလေးများရယ်..
ရပ်ပေးကြမလား.
ချစ်သူရင်ခွင်ကြားက အချိန်။

စက္ကန့် တန်ကလေးများရယ်..
မြန်ပေးကြမလား.
ချစ်သူ..အဝေးသွားတဲ့ အချိန်။

စက္ကန့် ခြောက်ဆယ်…တစ်မိနစ်..
မိနစ်ခြောက်ဆယ်…တစ်နာရီပေမဲ့ 
ချစ်သူနဲ့ တွေ့ ရတဲ့ ရက်.
ခဏကလေးဘဲ..ကြွေသက်.
မြန်ဆန်လွန်းလှတဲ့..နာရီ..




ချစ်သူနဲ့ တူတူ မနေနိုင်သေးတဲ့ သမယ
အချိန်တွေက ကုန်ခဲလွန်းစွ..

တစ်ရက်တစ်ရက်..
ဖြေးဆေးစွာ..နေ၀င်နေထွက်
မျက်နှာလိုက်လွန်းတဲ့ နာရီ..

မြန်လိုက်နှေးလိုက်နဲ့ သူ ပလီ..
စက္ကန့် တန်ရယ်..
ရက်စက်လွန်းသည်..
ဒီမှာဖြင့်..လွမ်းလှုပြီ။

မ (၈။၂၇။၂၀၀၈)

Monday, August 25, 2008

How deep is your love

မေးမယ်..ဖြေချင်လည်းဖြေနော်..



သောင်ပြင်ပေါ်ချန်ခဲ့တဲ့ ခြေရာတွေ
ဒီရေတက်ရင်.ပျောက်ကွယ်သွားခဲ့သလို

ဒို့ ပါးပြင်ပေါ် နမ်းခဲ့တဲ့ အနမ်းတွေ
အဝေးရောက်တဲ့အခါ.. မောပမ်းသွားမယ်လား

ရေပြင်ပေါ် ထန်ခဲ့တဲ့ လှိုင်းလေ..
အချိန်တန်ခဲ့ရင်..ပျက်ပြယ် သွားခဲ့သလို.

ဒို့ နားဝမှာ ကြားခဲ့တဲ့ စကားတွေ.
လေပြေသွေးတဲ့အခါ.
အေးစက်သွားမယ်လား

တိမ်စိုင်ပေါ် လျှပ်စီးနဲ့ မိုးလေ..
ကြွေကျမိုးရေ..ပျောက်ကွယ်သွားတတ်သလို

ဒို့ အသည်းပြင်ပေါ် စိုက်ခဲ့တဲ့ ပန်းတွေ..
တနေ့ နေ တစ်ချိန်ချိန်..ပွင့်ခွင့်ရပါ့မလား။
ခွဲမသွားနဲ့ နော်..
အမြဲ ချစ်တယ်။
ပူပန်စွာ…စိုးထိတ်တဲ့ဘဝင်
လိုချင်တဲ့ .အဖြေ..မင်းလည်းသိတယ်။
ကြားပါရစေ..
မင်းဘယ်ထိ ချစ်တယ်။

မ(၈။၂၅။၂၀၀၈)

ခိုနားရာ။

သစ်ရွက်တို့  နီကျင်..
ကြွေနေခဲ့ရင်..မြေပြင်ဟာ..
လက်ကမ်းဖွင့် ကြိုတယ်.။

မိုးစက်တို့ ဖြူစင်
စွေနေခဲ့ရင် သစ်ရွက်ဟာ..
အနမ်းပွင့်နဲ့  ကြိုတယ်.။
အနောက် သို့  နေ၀င်
နေခြည်စ ရွှေစင်..
ပင်လယ်မှာ..ရေဆင်းသောက် ညနေ..

လွမ်းမှ လွမ်းလေ။
အချစ်ရေ..
မှီခိုမဲ့ ရင်ခွင်..ဝေဒနာနဲ့ငြမ်းဆင်။
မရှိခဲ့ပါ..သူလေ. အဝေးဆီ..
ဖေါ်ကွဲဌက်…အဆွေးသီ..
တမ်းတမျှော်ရည်…
တကယ်လွမ်းသည်။

မ (၈.။၂၅။၂၀၀၈)

ချစ်မိတာ…ဘုရားစူး…

ချစ်သူရယ်
ရင်ထဲမှာ သိမ်းဆည်းထားတယ်။
မင်း ကိုယ့်ကို..ဘယ်လောက်ချစ်တယ်။

ချစ်သူရယ်
ရင်ထဲမှာ သိမ်းဆည်းပါ။
ကိုယ် ဘယ်လောက်ချစ်တာ။

ကဗျာဆန်တဲ့သူကို
ကဗျာသံဖွဲ့ ယူ
ပြောချင်တယ်..ကိုယ်အချစ်သက်သေ.
ကာရံများ..ပျောက်ကွယ်...
မင်းအကြည့်ရဲ့ အောက်မှာ
တွေဝေ ခဲ့ပြီ..
သိနေတာ…ဒီ..တခုထည်းကျန်တယ်။
ဘုရားစူး ချစ်တယ်။

တွယ်ရာမဲ့ကိုယ်ကို
ကြင်နာဖွဲ့ သူ..
ပြောချင်တယ်..ကိုယ့်အချစ်မျက်ရည်.
သံစဉ်များ..ပျောက်ကွယ်...
မင်းစကားရဲ့ အောက်မှာ
ကိုယ် ကြွေခဲ့ပြီ..
ပြောစရာ…ဒီ..တခုထည်းကျန်တယ်။
ဘုရားစူး ချစ်တယ်။

မ (၈။၂၅။ ၂၀၀၈)

Sunday, August 24, 2008

အသေအချာ ကိုလွမ်း



ဒီနေ့  မနက်..အာရုဏ်ဦးအထ..
မနေ့ ညကလိုမဟုတ်ဖူး..
ချစ်သူရဲ့ လက်မောင်းတွေကြားကကိုယ်..
ရှက်သွေးပိုမိတယ်။

နေရာတိုင်းမှာ..မင်း ရဲ့ မျက်နှာ..
လေပြေကြားက..မင်းရနံ့ 
တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသွေးကြောများနဲ့..
အချစ်ရယ်.. မင်းကို ကိုယ်သိပ်ချစ်တယ်။


စောင့်ခဲ့ ရတဲ့ ရက်ပေါင်းများစွာ။
တွေ့ ရတာ ခဏတာ..
ဒီတခါ ပြန်ခွဲ..
ဘယ်တော့ နောက်တစ်ခေါက်ပါလည်း။

လဲမှို့  ကလေးလို ကပ်..
မင်းအရိပ်လို အနောက်မှာရပ်..
လိုက်ပါရစေ။..ခေါ်သွားမလား..ချန်မထားနဲ့ 

သေချာတာက သိတယ်..
အချိန်အတိုင်းအတာတစ်ခု..
စောင့်ရဦးမှာ..ပြန်တွေ့ ကြဖို့ အရာ။

သေချာတာတော့ ပြောပြမယ်..
နှလုံးသား တချက်ခုန်တိုင်း..
ရင်မှာ မုန်တိုင်း..
လွမ်းနေမှာ..အကြိမ် အခါခါ.
အချစ်ရယ် .ယုံကြည်ပါ။.

ရေရာတာတော့ ပြောပြမယ်.
အသက် တစ်ချက်ရှူလိုက်တိုင်း..
ရင်မှာ ဒုန်းစိုင်း..
တွေးမိနေမှာ..အကြိမ် အခါခါ..
အချစ်ရယ် .ယုံကြည်ပါ။.

မ (၈။၂၄။၂၀၀၈)

အချစ်ဆိုတာ ပဉ္စလက်မျက်လှည့်


အချစ်ဆိုတာ..
ပျားရည်တစ်စက်
နှင်းဆီပန်းတစ်ခက်
ကိတ်မုန့် လေး တစ်ရှက်
ပန်းသီး တစ်လုံး
မြိန်ရှက်စွာ စားသုံး
မသေမချင်း ..တစ်ဘဝလုံး။

သံယောဇဉ်တွေကို..စုစည်းသွန်းလောင်း
နားလည်မှု တုတစ်ချောင်း
စာနာမှု ဆောက်တချောင်း
စေတနာလက်ချောင်းများ.နဲ့ ထုဆစ်..
အချစ်ပန်းပုတစ်ခု အဖြစ်
နှစ်များစွာ ခိုင်စေ..
တူချစ်သမျှ..သက်သေပြနိုင်စေ။

အချစ်နဲ့ စီးဝင်ပြောင်းလဲ..
အတ္တကို အရေခွံလဲ..
မာန တွေ ပျောက်ကွယ်ဆဲ
မနေ့ ကငါနဲ့  ဒီနေ့ ငါ..
မတူညီပါ။

အချစ် နတ်ရေစင်အောက်.
အသစ်တဖန်..အစို့ ပေါက်ခဲ့.
ချစ်ခြင်းရဲ့ မျက်လှည့်အတတ်
ငါ အသက်ရှူ ရပ်ခဲ့ပြီ။
ပြေးမထွက်သာ
ဘဝ ရဲ့ ညှို့ ဝင်္ကပါ။

မ (၈။၂၄။၂၀၀၈)

လမင်းသို့ ဆုတောင်း..

အဖော်မဲ့ ကိုယ်..
ကဗျာတွေသီ ရေး
လမင်းဆီ မျှော်ငေး....
တမ်းတမ်းတတ အလွမ်းမပြေ..
ဖေါ်ကွဲညပေါင်း..တစ်ကဋ္ဋေ

သရော်နေတဲ့ ဖိုးလမင်း..
တိမ်ကြားက ခိုးကြည့်ရင်း..
အလွမ်းနဲ့ သွေးပျက်..
မှေးစက်မရတဲ့သူဆီ..
ပြုံးယောင်ပြု လထီးဆောင်းခဲ့ပြီ။

သူလည်းလေ လွမ်း..
ကျမလည်းလေ လွမ်း
ကြားလေပြေ ဆော်ရမ်း
အေးဆောင်း ညချမ်းများစွာ..
ရင်ခွင်ပျောက်ရှာ..
သူချမ်းနေမှာဘဲ..
ကြင်သူထပ်.မရှာ..
သူ သစ္စာမြဲမြံ့မှာပါဘဲ..

ခါခါ ဆုတောင်းခဲ့..
ရေမရ..ဖေါ်ကွဲသမျှ..
အလွမ်းညတွေ...လတစ္ဆေ။

မ (၈။၂၄။၂၀၀၈)

ထိုးဖေါက်ဝင်ရောက် အလင်းတန်းများ..

အချစ်ကိုရူးမိုက်စွာကိုးကွယ်ဖူးပေမဲ့
တံခါးမခေါက်ရောက်လာတဲ့ အမုန်း
အဆုံးက..အရှုံး..
သန်းခေါင်ညများထဲ..
ပျောက်နေတဲ့ အလင်း.
စစ်မှန်တဲ့ ချစ်ခြင်း..
နားလည်မှု နဲ့ ပွင့်လင်း
လူသားတွေ များတဲ့လောက..
တယောက်တလေလေးမှ..မရှိကြတော့ဘူးလား.

တမ်းတခြင်းများနဲ့  အနာဂတ်ပန်းချီ..
အမဲရောင် ပိန်းပိတ်မှောင်လွန်းသည်။
ယဲ့ မျှင်အလင်းတန်း..
မင်းဝင်လာတဲ့လမ်း..
စမ်းတွေ လည်းပေါက်..
ပန်းရေသောက်..
ဘဝသစ်တဖန်..အချစ်နဲ့ရှင်သန်။

အချစ်ဆိုတဲ့အရာ..
တားဆီးမရ..
လေလို..ထိုးဖေါက်ဖြတ်ကျော်စေ
ရေလို..ဖြတ် မပြတ်နိုင်အောင်
သူ့ သဘော သူဆောင်..
မျော်လင့်ချက်.လင်းလက်အရောင်..
ဘဝ အမှောင်တွေထဲ။
အော်..ကိုယ်ချစ်တာ..မင်းမှ မင်းပါဘဲ။

မ (၈။၂၄။၂၀၀၈)

အာဒမ် ဧဝ..ကျမနဲ့ ပန်းသီး..

နိုးတ၀က်ညက အိပ်ပျက်
လရောင်ရင်ခွင်ကြား အိပ်စက်..
ဘယ်မလည်း..
အချစ်ရဲ့ နွေးတွေးလက်တွေ..
အေးစက်တဲ့ဆောင်းလေ.
ညှင်းရက် ကလူ..
ရင်ခွင်ပျောက်သူ..လွမ်းတမပြေ။

အကြိမ်ကြိမ်.လွမ်းတမ်းတ
ရင်နှင့်အမျှ
မကျက်တဲ့ ဒဏ်ရာ..အကွာအဝေး က.ငရဲပမာ..

ဧ၀ လိုသာ မိုက်ရဲ..
အေဒင်မှာ..မင်းလေ..
အာဒမ်လို ရှိရင်..
အဆိပ်ပန်းသီး..
ဘယ်လောက်ခါးသီးသီး
ကိုယ်လေ မြီးပါ့မယ်။
မင်းကို…ချစ်တယ်။

မ (၈။၂၄။၂၀၀၈)

အဖြေရှင်းတဲ့ ပုစ္ဆာ..

နှလုံးသား ရင်ခုန်သံ
ရိုးသားစွာ ဘာသာပြန်ကြည့်တဲ့အခါ..
ရလာဒ် ကရုပ်လုံးကြွခဲ့တယ်..
မင်းကို ဘယ်လောက်ချစ်တာ.
ရင်တွင်းည တစ်ထောင့်တစ်ည အိပ်မက်ထဲ
မင်းဘဲ နှောက်ယှက်စိုးမိုးဆဲ
ဖြစ်ပျက် ပေါင်းစည်းမှူရဲ့ သီအိုရီ..
မင်းကိုဘဲ အဖြေထွက်သည်။

အမုန်းနဲ့  နာကျည်းမှုတွေ အပြီးပိုင်နှုတ်ဆက်
အချစ်ကိုသာ ပြန်လက်ခံပေါင်းစည်းခဲ့..
ကွဲခဲ့တဲ့ အသဲတွေ က လှောင်ရယ်မလား..
ကျတဲ့ မျက်ရည်တွေ က ကျီစယ်မလား..
အမှတ်သည်းခြေမရှိ.တဖန် ပြန်ချစ်မိပြန်ပြီလား..

အိပ်မက်ဆိုးတွေကို ဆုတ်ဖြဲ..
မင်း အချစ်နဲ့ စိမ်ခေါ်ရဲတဲ့အခါ.
မနေ့ က..ဒဏ်ရာဟောင်းများ..
သွေးသစ်လောင်းခဲ့ပြီ..
လေဆန်ပျံရန် တောင်ပံ့ဝင့်
ဘဝသစ်သို့ မျှော်လင့်
ကိုယ်လေ..
မင်းအတွက်.အဆင်သင့်။

မ (၈။၂၄။၂၀၀၈)

မမျှော်လင့်သော မျှော်လင့်ခြင်း..ရင်ကိုချင်းနင်းတဲ့ မင်း။


အကောင်းဆုံးတွေ..မျှော်လင့်ခဲ့ပေမဲ့
မကောင်းဆုံးတွေ..ရရှိခဲ့
ဘဝဆိုတာ..ဒဏ်ရာ ဗလပွနဲ့ 

မွန်မြတ်ဆုံးစေတနာထားပေမဲ့
မမွန်မြတ်သော သူများတွေရဲ့
ဘဝကြောင့် အဆိပ်သင့်တယ်။

ဖြစ်သမျှ ရောင့်ရဲ..
နေလာရဲတဲ့ ခဏ.
တန်ဖိုးဖြတ် မရ..
မင်းမေတ္တာ ကြောင့်..
ခုလေ..နေရောင်ထဲ..
ကိုယ် ရဲရဲ ရပ်ရဲပြီ။

ဘဝတခုလုံး..
အလိုအပ်ဆုံးသော..
အကောင်းဆုံးသော အရာ..
စစ်မှန်တဲ့ အချစ်ဟာ..
မင်းဆီမှာ ဘဲရှိတယ်။..

မမျှော်လင့်သော မျှော်လင့်ခြင်း..
မင်းနဲ့  တသက်တာ ကိုယ် ရင်းနှီးပါရစေ။

မ (၈။၂၄။ ၂၀၀၈)

လိုချင်ရင်လည်း ယူချင်ယူလိုက်။

ဝမ်းနည်းမိတယ်။
နွမ်းရိကြေမွခဲ့တဲ့ ဘဝမှာ..
မင်းအတွက်ပေးဖို့ ရာ..
ငါ့မှာ..
ကောင်းမွန်တဲ့အရာ..သိပ်မကျန်တော့ပါဘူး.

တမ်းတမိတယ်.
မွတ်သိပ်တမ်းတခဲ့တယ် ဘဝမှာ
အချစ်စစ်တဲ့ တွေ့ ဆုံဖို့ ရာ.
ငါ့မှာ..
မျှော်လင့်ချက်ဟာ..အမှန်က သေးငယ်တယ်။

မမျှော်လင့်ဘဲဆုံ
မင်းနဲ့အကြုံမှာ..
အချစ်တို့  ပန်းငုံ..ပုရစ်ဖူးသို့ ပြည့်စုံ

သိပ်ချစ်မိတယ်။
မင်းယုံချင်မှ ယုံမယ်.။
အပြောရခက်ဝေဒနာ..
တစ်နေ့ ထက်တစ်နေ့ မွန်းကျပ်စွာ။
မတန်မှန်းသိတယ်။
အချူရခက် စေတနာ
မဝံ့မရဲနဲ့  မေတ္တာ.။
ငါ့မှာ..
လွန်ဆွဲနေ..လိုချင်တာနဲ့  ဖြစ်သင့်တဲ့အရာ။

အားနာမိတယ်
အဆိုးအပြည့်နဲ့ ဘဝမှာ..
မင်းအတွက် လက်ဆောင်..
ငါ့မှာ..
အချစ်တစ်ခုဘဲ ရှိတယ်.။

လိုချင်လည်း ယူ၊ မလိုချင်လည်း.ဗွေမယူ
မင်းနဲ့ သဘောတူ..
ဘဝမှာ..အဆိုးဆုံးများတွေ..
ရင်ဆိုင်ဖို့  အသင့်လေ။

မ (၈။၂၄။၂၀၀၈)

ဖြစ်နိုင်ရင်..

ရေအလျှင်ကြောမှာ..
မျှောချခဲ့တယ်.. ပန်းကလေးတို့ ရေ.
ပင်လယ်ရဲ့အဆုံးကို..ရွက်လွင့်ထွက်ခွါ..
ချစ်သူဆီ..ကိုယ်လွမ်းသမျှ ပြောပေးပါ။

ဝေဟင်ထက်မှာ..
စေလွတ်ခဲ့တယ်.. ခိုဖြူလေးတွေ
ရေမြေဆုံးတိုင်..ပျံသန်းအဝေးနှင်..
ချစ်သူဆီ..ကိုယ်ချစ်သမျှ ပြောပေးပါ။

ကိုယ်တစ်ယောက်ထည်းလေ..
သောင်ပြင်ထက်ဆီ..မိုးစက်ဝိုင်းပန်းချီ..
သက်တန့် ရဲ့အောက်ဆီ..
နေမထိလွမ်းတယ်..မိုးသားနဲ့ကောင်းကင်..
တောင်ပံရှိရင်..
ဘယ်လောက်ဝေးဝေး အပြေးနှင်
ချစ်သူဆီ လာခဲ့မယ်.။

မ (၈။၂၄။၂၀၀၈)

Friday, August 22, 2008

မိုးသဲညများ၏..သံသရာ..

မိုးတွေ ရွာပြန်ပြီ.
ဝေဟင်ပေါ် က.
တိမ်စိုင်တွေ ငိုကျ..
လွမ်းစရာ့ မိုးပန်းချီ..
ကြင်သူရယ်…မင်းကိုလွမ်းသည်။

ကိုယ့် အားနည်းချက်ဘဲ ဆိုချင်လည်းဆို
ကိုယ့် ပျော့ညံ့ချက်ဘဲ ဆိုချင်လည်းဆို
မင်းရဲ့ " ချစ်တယ် " ဆိုတဲ့စကားမှာ.
ကြည်နူး ပျော်ရွှင်..
ဘဝကို..မင်းရင်ခွင်ထဲ..အရည်ပျော်ချင်.
ယုံကြည်ရင်း..အသက်ရှင်.
ရုးမိုက်တယ်ဘဲ ထင်ထင်
ဖြစ်နိုင်တယ်..မဖြစ်နိုင်တယ်.
ဖြစ်သင့် တယ်..မဖြစ်သင့် တယ်.
စဉ်းစားရမဲ့ ဦးဏှောက်များသေဆုံး
မျက်ကန်းတဲ့ ချစ်တစ္ဆေဖြစ်
တူညီအချစ်..ပြန်ချစ်မိခဲ့
မရဲတရဲ တုန့် ပြန်မှု
“ I Love you too”

မိုးတွေက အပြင်ဖက်..
ရွာချနေဆဲ.
ပြူတင်းပေါက်ရဲ့ မှန်ချပ်..
တဖြတ်ဖြတ်ရိုက်ခတ်ဆဲ

အေးစက်တုန်ရင်ဆဲ..လက်များ..
နွေးထွေးတဲ့ နှလုံးသားနဲ့ 
မင်းရဲ့ အလာ..
ကိုယ်လေ မျှော်နေဆဲ.
တယောက်ထဲ ..မိုးသဲရက်များစွာ..
ရင်တွင်း….မုန်တိုင်းသည်းထန်စွာ

မ (၈။၂၂။၂၀၀၈)

မထူးဆန်းသော..ထူးဆန်းခြင်း။

ကိုယ့်ရင်ထဲက သံယောဇဉ်ကို
မြင်သာအောင် မဖော်ပြခဲ့ပေမဲ့
သူမြင်တတ်တာ..ထူးဆန်းတယ်

ကိုယ့်ဘယ်လောက်ချစ်တာ..
စကားနဲ့ မဆိုပြခဲ့ပေမဲ့
သူနားလည်တတ်တာ..ထူးဆန်းတယ်

သူ့ ရင်ထဲက အကြင်နာကို
မရိပ်မိအောင် မျိုသိပ်ထားပေမဲ့
ကိုယ်.ဘာသာပြန်တတ်တာ..ထူးဆန်းတယ်

သူ့ သစ္စာကို
လက်တွေ့ သက်သေမပြရသေးပေမဲ့
ကိုယ်.အကြွင်းမဲ့ ယုံကြည်တာ..ထူးဆန်းတယ်

နှစ်ဦးသား
ရင်ထဲက အချစ်စကားတွေကို
လက်ဖျားသီ.အလင်္ကာမရှိဘူး.
နှုတ်ဖျားစီ ကဗျာမရှိဘူး
တိုးတိုးတိတ်တိတ်..ကျိတ်
မျက်လုံးချင်း..အကြည့်ရိပ်ရိပ်
ရင်၌ တသိမ့်သိမ့်
မျိုသိပ်ခံစား ကြည်နူးနေတတ်တာ
ထူးဆန်းပါသလား..

မထူးဆန်းတဲ့ သာမန်အချစ်..
နားလည်မှုတို့ နှင့်..
ထူးဆန်းစွာ..ချစ်မိသည်။
အလေးအနက် တန်ဖိုး
အမြတ်တနိုး ရည်ရွယ်ထားမိသည်။
တနေ့ နေ့ ဒို့ နီးကြမည်။

မ (၈။၂၂။၂၀၀၈)

Wednesday, August 20, 2008

"မိုးကုတ် စက်ဝိုင်းကြီးအောက်မှာ…ဒို့ တွေတစ်နေ့ "

မိုးရနံ့ သယ် တိမ်စိုင်စုက..
တောင်တွေကို ပွတ်တိုက်တဲ့ အခါ.
မိုးအဖြစ် ရွာကျ တာပါဘဲ။

နှင်းမှုန်ဖွေးတွေပေါ်..
နေခြည်ဆမ်းတဲ့ အချိန်..
အရည်ပျော် ကျ တာပါဘဲ။

ခြောက်ယော်သစ်ရွက်တွေ..
လေပြေတိုးတဲ့ အချိန်
မြေပေါ်ကြွေကျ တာပါဘဲ။

သဘာဝဟာ..သဘာဝဘဲ..
တားဆီးမရ..ဖျက်ဆီးမရတာ..
ချစ်သူ နှစ်ဦးရဲ့ စစ်မှန်မေတ္တာ..
ရွှေပင်လယ်ခြားလည်း..မဝေးသာ..
ဂုဏ်တံတိုင်းများလည်း..မဆီးသာ
အဆင့်အတန်းကွဲကွဲ..
အသက်ဘဲ ကြီးကြီး..
မာနဘဲကြီးကြီး..
အချစ်ဆိုတဲ့အရာက တန်းညှိ..
ဘဝဆိုတာ..တူညီမှုအတိ
အတ္တဆိုတာ..ဘယ်မရှိ..
ချစ်သူအတွက်..ပျော်ဖို့ သက်သက်..
ဘဝတောင် ပေးဆပ်ရဲတယ်။

ကြီးကြီးငယ်ငယ်..
အချစ်နဲ့ မူး..ရုးသွပ်တဲ့သာမယ
အချစ်အတွက်..
ဘဝ တဖန်ပြန်စတယ်..
ချစ်သူရယ်..ယုံမလား။

မိုးကုတ် စက်ဝိုင်းကြီး ရဲ့အောက်မှာ…
ပင်လယ်ဟာ..မိုးပြင်နဲ့ ထိနမ်းတာပါဘဲ
မြေပြင်ဟာ ကောင်းကင်ကို ပွေ့ ထားဆဲ.
ဒို့ လည်းလေ အားမလျှော့နဲ့ ။
မကြာတော့မဲ့ နေ့ တစ်.ရက်ရက်
ကိုယ်ဟာလေ..မင်းအတွက်.

မ (၈။၂၀။၂၀၀၈)

ဒီတစ်ည တော့ သည်းခံပါဦး။

တစ်ရက် တစ်ရက်..
ပိုပို.နက်လာတာက..တိုင်းဆမဲ့အချစ်
တစ်မိနစ် တစ်မိနစ် ..
ပိုပို..တမ်းတမိတာကသူ့ ရဲ့နှစ်သက်မှု

စက္ကန့် တန်တွေ..
တချက်ချက်ပြေး..
ပြက္ခဒိန်ရွက်တွေ.
တရွက်တရွက်ဆွေး..

တွေ့ ရေးခက်ခက်..
ချစ်ရေး ခက်ခက်..
လွမ်းလိုက် ရတာ..
စားသောက်မရတာက ခက်
ညည တွေလည်း.အိပ်ရေးပျက်။


ကြမ္မာဆိုးလှ ဒီဘဝမှာ
ကောင်းတာလေးပြစရာ..တစ်ခုဘဲရှိတယ်။
ခိုင်မြဲမြံ့တာ..သူ့ သစ္စာ
မယိုင်လဲနိုင်တာ..ကိုယ့်မေတ္တာ။
ဘယ်အချိန် ဘယ်လောက်ဝေးဝေး
ဇွဲဆုလေးတော့ မျှော်လင့်တယ်။

အံခဲကြိတ်မှိတ်.
အလွမ်းဝေဒနာတွေ ချော့သိပ်နေဆဲ..
မနက်ဖြန် (သို့ မဟုတ်)
နောက်….နောက်သော…
မနက်ဖြန်များမှာ..တွေ့ ရမှာဘဲ။

တစ်ယောက်ထည်း..
ဒီ.တစ်ညလည်း
အားတင်း ဖျစ်ညှစ်…အိပ်လှဲ့ ပါဦးအချစ်။
တွေ့ ကြမဲ့ မနက်ဖြန် အတွက်..
အားသစ်ရဖို့ ရာ။
မမေ့ပါနဲ့ ..
ဒီမှာ..ကိုယ်လည်းဘဲ လွမ်းနေတာပါ။

မ(၈။၂၀။၂၀၀၈)

ချစ်ခြင်းရဲ့ နိမိတ်ပုံ.

မျက်လုံးခြင်း ဆုံတဲ့ အခိုက်အတန့် 
ကိုယ်စိတ်တွေ..ဝေဟင်ထဲ
ဆိုင်းကြိုးပြတ်.စွန်တစ်ကောင်လိုစီးမြောခဲ့
ဒါ..ဘာကြောင့်ပါလဲ။

နူးညံ့ သူ့ စကားသံ ကြားရတဲ့ အခိုက်အတန့် 
ကိုယ့်နှလုံးသွေးကြောထဲ..
ရေနွေးအဆက်မပြတ် ပျော်ဝင်စီးဆင်းခဲ့
ဒါ..ဘာကြောင့်ပါလဲ။

ချိုလွင် သူ့ ရယ်သံ ကြားရတဲ့ အခိုက်အတန့် 
ကိုယ့်အားအင်ပြတ်..
လည်ချောင်းခြောက် ရေငတ်မိရဲ့
ဒါ..ဘာကြောင့်ပါလဲ။

တိတ်တဆိတ် ကျေးဇူးပြုပြီး
ကျမ ရင်ခုန်သံတွေရယ် တိတ်ပေးကြပါ
ပြင်းပြတဲ့ ရှိုက်ဝင်သက်
စိတ်မလုံ..
ကျမလေ..ရှက်..ရှက်..ရှက်
သူ ရိပ်မိသွားပါ့မယ်။

ပါးပြင်ပေါ်က ရှက်သွေးစို့ နှင်းဆ်ီရောင်
ကျမအပေါ် ကျီစယ်မှာလားမောင်။

ရေအလျှင်တားမရ..
ချစ်ရေကာတာ ပြိုဆင်းနေဆဲ..
မချစ်ရဲ..ချစ်ရဲနဲ့ ကျမ.
နောက်ဆုံးကျ..
ယုံစားချစ်လိုက်ပြီ။

မိုက်သည်ပြောပြော..
ဒီ မှော်ရုံတော..တစ်ကြော
အချစ်နဲ့ လွင့်မြော..
မောင့်အတွက်..ဇော..
ပန်းမွေ့ ယာ၌ ပျော်မွေ့ သော..

ချစ်သူနဲ့ ချစ်ရမဲ့..မနက်ခင်း..တစ်မနက်
ချစ်သူနဲ့ ကိုနမ်းရမဲ့..ရက်ကလေးတစ်ရက်
လဲခဲ့လိုက်ပြီ..
နောင် ပေးဆပ်ရမည့်..
လွမ်းရက်ပေါင်းက ခုနှစ်ရာ။

မ (၈။၂၀။.၂၀၀၈)
မောင်မပါ..ခရီးသွားရတာ..လွမ်းလိုက်တာမောင်ရယ်။ နောင်အတူတူ လိုက်ခဲ့ပါနော်။

ကော်ဖီမဲ့ မနက်..အချစ်မဲ့ သက်ခါးခါး


မနက်ခင်း..ကော်ဖီ.
မသောက်ရ..စိတ်မကြည်..
ရင်မှာ..ဟာတာတာ
ခေါင်းမူးကိုက်.
စွဲလမ်းခဲ့တဲ့..ဘဝမှာ

သူ့ မျက်လုံးကြည်..
အပြစ်ကင်းတဲ့ရယ်သံများသည်
မကြားရ..လွမ်းမိပြီ။
ရင်မှာ..မဖြေသာ.
လောင်ကျွမ်းမြိုက်
စွဲလမ်းခဲ့တာ..ပြောမပြသာ

တိမ်ပြာတွေရဲ့ အဝေး
သောင်ကမ်းဘေးမှာ သူရှိနေမှာ။
ပင်လယ်ပြင်ဘက်ငေး..
ကိုယ့်ကို သတိရနေမယ် အသေချာ။

စွဲလမ်းမိသူ. နှစ်ယောက်သား.
ရေမြေဝေး တဲ့ တဒင်္ဂ
ကော်ဖီ မရှိတဲ့ မနက်ခင်းရက်များက
နေမထိ ထိုင်မသာ..
နှစ်ဦးသားလွမ်းလိုက်တာ။
ဆို့ ကြင်နစ်နစ်...တကဲ့ ဝေဒနာစစ်

မ (၈။၂၀။၂၀၀၈)

ချဉ်ခြင်း

လေယာဉ်ကြီးအတက်..
အကြည့်..တစ်ချက်
ပြူတင်းပေါက်ကနေ..အပြင်ဖက်

မြင်လွှာတွေ..မှုန်မွှား
မျက်ရည်များလား..
နှင်းစက်များလား..
ဝေဝါးနေတယ်။

တွေ့ ရတဲ့ တိုတောင်းကာလ..
ပျော်ရွှင်ဆုံးညတွေ..
သီချင်းလေးတွေနဲ့ .
ကြည်နူးစွာ.သူ့ ရင်ခွင်ထဲအိပ်စက်
ပြန်တွေးမိရုံလေး တောင်
ရင် မုန်တိုင်းထန်.
သူနဲ့ နေရတဲ့ ရက်နိဗ္ဗာန်။

ခုချိန်လေး
တူတူမနေနိုင်သေးတဲ့..
အခိုက်အတန့် ..
လွမ်းတာတွေ..စု..
ကျမျက်ရည်ဥ
ရင်ဝေဒနာက ခိုးလိုးခုလု.

မကွဲကွာသော ခွဲခွါရခြင်း..
ခါးသီးစွာ ရင်ဆိုင်ရင်း
တနေ့ တချိန်ချိန်..အတူတူနေ.
လွမ်းချိန်တွေ..အကြွေးဆပ်..
မောင့်ရင်ခွင်မှာ
တိုးတိတ်တိတ်.မျက်နှာအပ်။

ရင်တွင်းရဲ့ ထာဝရ
ချဉ်ခြင်းအာသာတစ်ရပ်
ဘဝရဲ့..နောက်ဆုံးရက်များ..
နိဗ္ဗါန်ရည်ရွယ်.
ကုသိုလ်တွေ..
မင်းနဲ့ တူတူ..ဝေယူချင်တယ်။

မ (၈။၂၀။၂၀၀၈)

တမ်းတမ်းတ..အမောပြေ

ကမ်းသောင်ကို တက်မဲ့
ပင်လယ်ဒီရေ..တွေ..လမင်းကို.စောင့်မျှော်နေသလို

လွင့်မြောလိုတဲ့
ပန်းဝတ်မှုန်တွေက..လေပြေတွေကို စောင့်မျှော်နေသလို



သက်တန့် ဖြစ်မဲ့
မိုးရေမှုန်တွေကတဲ့ နေခြည်နုကို စောင့်မျှော်နေသလို

ကိုယ်လည်းလေ
မင်းကို အချိန်တိုင်း … စက္ကန့် တိုင်း တွေ့ချင်နေတယ်။

လမင်းကြီးလို..လကွယ်ရက်များ..မှောင်ချမထားပါနဲ့ 
လေပွေတွေလို ဝေ့လည်တိုက်..မလှည်ုစားလိုက်ပါနဲ့ 
နေခြည်တွေလို. တိမ်မဲညိုတွေကြား မပုန်းလိုက်ပါနဲ့ 
တွေ့ ချင်နေတဲ့ ချစ်သူကို..မျက်နှာညို.စိတ်မကောက်လိုက်ပါနဲ့ ။

နူးညံ့တဲ့ အပြုံးများ..
အမောပြေ ခြွေချထားလှည့်ပါခဲ့။
ပေးနေကြ အနမ်းများ..
အလွမ်းပြေ ပေးသနားလှည့်ပါခဲ့။
တဘ၀စာအတွက်..
မင်းနဲ့ အသက်ဆက်ပါရစေ။

မ (၈။၂၀။၂၀၀၈)

ချစ်သူ..

ည..ကလေးတစ်ည.
တိုက်ခတ်လေတွေထဲက..
ဆောင်ယူ သယ်လာခဲ့
ညမွှေးပန်းများရဲ့ ပန်းလေပြေ..
ချစ်သူရဲ့.ကိုယ်သင်းရနံ့ ..ကိုဘယ်မမီ..

စန္ဒယားခလုတ်များရဲ့ သံစဉ်ဟာ
ချစ်သူ့  ရင်ခုန်သံလောက်.မချိုနိုင်ပါဘူး

ပိုးကတ္တီပါစ ရဲ့ ပွတ်တိုက်ညင်သာမှု
ချစ်သူရဲ့နှုတ်ခမ်း တွေ့ ထိမှု လောက်..မနူးညံ့ပါဘူး။

နှင်းဆီပွင့်ချပ် ပန်းမွေ့ ယာရဲ့ လန်းဆတ်မှု
ချစ်သူ ရင်ခွင်ကြားလောက် စိတ်ကြည်နူးမှုမရှိနိုင်ပါဘူး.

အာရုဏ်နေခြည်ရဲ့.ထွေးပွေ့ မှု
ချစ်သူ.အပြုံးများလောက်.. နွေးထွေးရှိနိုင်ပါဘူး။

ပျားရည်သကာရဲ့ အရသာ
ချစ်သူရဲ့
ချစ်တယ်ဆိုတဲ့ စကားသံလောက် ချိုမြမှု မရှိနိုင်ပါဘူး။

ချစ်သူ နဲ့ ပတ်သက်ရင်..
အရာရာဟာ..ပြီးပြည့်စုံတဲ့ ဘဝ
ဆေးရောင်စုံတောက်ပ. ပန်းချီတစ်ချပ်
ကြင်နာမှုပန်းပုဘောင်..အနားသတ်နဲ့ 
မျှော်လင့်ချက် နေခြည်အောက်မှာ
လန်းဆတ်လှပနေမြဲ

ဟန်ဆောင်မာယာ တွေ မဆိုတတ်ပါဖူး
ရိုးရိုးလေးနဲ့ ဘဲ ပြောချင်တယ်.
တိုးတိုးလေးနဲ့ ဘဲ ပြောချင်တယ်.
..သိပ်ချစ်တယ်။

မ (၈။၂၀။ ၂၀၀၈)

Monday, August 18, 2008

မြေ့မြေ့ရင်ထဲ..ခံရခက်..



တကူးကူးနဲ့ 
သစ်ပင်ပေါ်က ချွဲတဲ့ ချိုးဌက်..
ရင်မှာ..လွမ်းသက်သက်မမေ့
သူလည်းလေ..အဖေါ်ကွဲ
ကိုယ့်လို…ဘဲဆွေးမြေ့။

ချစ်သူအသံကြားတိုင်း..
ရင်ခုန်သံ ဒုန်းစိုင်း.
ပြေးချင်တဲ့ မြင်းရိုင်းလိုစိတ်..
ချစ်သူရင်ခွင်ထဲ.လှဲပစ်လိုက်ချင်တယ်..


နေကြာပန်းလို..နေရောင်အနောက်လိုက်..
ပုစဉ်းရင်ကွဲလို..ရင်ကွဲအောင်.အော်ငိုချင်ခိုက်..
ချစ်သူလည်း ကိုယ့်လိုလွမ်းလျှနေမှာ..
ယုံကြည်တယ်..
မောင်ရယ်..
လွမ်းဝေဒနာ..အနေရခက်လွန်းတယ်..

တနေ့ နဲ့တနေ့ ..
ပိုပို..တွေ့ ချင်တဲ့ဝေဒနာ..
ဆို့ နင်ကြေကွဲ အနေရခက်စွာ..
ဝေးနေတဲ့ရက်တွေ..ရေတွက်ကာမှတ်..
ပြက္ခဒိန်ရက်များ ကြက်ခြေခတ်.
ရုပ်သေးရုပ် ကြိုးပြတ်...
ရင်မှာ..ဟာတာတာ ကွက်လပ်
အချစ် မရှိတာ..
ရေငတ် နေသလိုဘဲ..
နေမထိ ထိုင်မသာ..
နွမ်းလျှရင်မှာ…
စိုးနှောင့်မချိ ..ဗျာပါဒါ

မ (၈။၁၈။၂၀၀၈)

သူနဲ့ သာဆို။


ချစ်သူသာ ပါခဲ့ရင်..
ဘယ်နေရာသွားသွား..
လုံခြုံရဲရင့်.
သူဟာလေ..
ကိုယ်ရံတော် မင်းသားလေး.
ကိုယ်ဟာလေ. သူချစ်တဲ့
ပုံပြင်ထဲကမင်းသမီးလေး..

စိတ်အားငယ်..စိုးရိမ်ကြောင့်ကျ.
ချစ်သူရင်ခွင်သာ.နားခိုရိပ်မြုံ..
သူ့ ဖျစ်ညှစ်ဆုတ်ကိုင်တဲ့ လက်..
အားတက်ယုံကြည်.
ဘာဘဲဖြစ်ဖြစ် ရင်ဆိုင်ရဲသည်။

ဖြတ်ကြမဲ့ မီးပင်လယ်..
အားငယ်စိုးနှောင့်..
မင်းမကြောက်နဲ့ ..
ကျမနဲ့အတူတူ.
သေလည်းတူတူ..
ရှင်တူတူပေါ့..
နှစ်ကိုယ်တူ ကြည်ဖြုလျှောက်မဲ့လမ်း။
ဘယ်လောက်ဘဲ ကြမ်းစေပစမ်း..
တွဲလက်တွယ်ယှက်..
ဒို့ ထာဝရ..မပျက်.
လှမ်းကြမယ်..တဘ၀အတွက်။
နေခြည်လင်းမဲ့ မနက်ဖြန်များ..
ဒို့ ကို ခစားကြတော့မယ်။..

မ (၈။၁၈။၂၀၀၈)

Sunday, August 17, 2008

လေခြူသံတွေ..ကြားမိလေတိုင်း



မောင်..
နွေလေပြေရူးငင်..ပြူတင်းပေါက်အပြင်က
လေခြူသံ ဆည်းလည်း..
တင်..တင်..မြည်..ရိုက်ခတ်နေဆဲ..
မောင်ရင်ခုန်သံဘဲ ထင်မိတယ်။
ပိုတယ်..ပြောမယ်လား..

မောင့်အိမ် တံစက်မြိတ်က..
လေထန် တိုက်ချိန်..
လေခြူဆည်းလည်းသံကြား..
မောင်လည်း ကျမကို လွမ်းနေမှာလား..

ညပုရစ်အော်သံ..ယော်ရွက်ခြောက်
လေပေါ်ဝဲ ကြွေနေဆဲနေ့ များ..
တနေ့ ပြီးတနေ့ ကွယ်ပျောက်..
မောင်..ရောက်မဲ့နေ့ တွေ နီးမလား.
ကံကြမ္မာကျည်ဆန်များ ကို..သစ္စာဒိုင်းနဲ့ ကာ..
ဆုတောင်းနေဆဲ..တစ်နေ့ နီးဖို့ ရာ။

ဆံနွယ်တွေ..လေပြေအတိုး.
ရင်ခုန်သံ မတိုးတတိုး..
လွမ်းမိတဲ့ ရင်..
မောင် ဘယ်နေ့ လာမှာလည်းဟင်။

မ (၈။၁၇။၂၀၀၈)

မပြောင်းလဲသော. ဤအရာ..


ပြောင်းလဲခြင်း သာ..
မပြောင်းလဲတဲ့ ပြောင်းလဲမှု..
အိုမင်းရွတ်တွ..ဇရာအချိန်ကျ
မောင့် အချစ်ရော..ပြောင်းလဲလေမလား
အရင်လိုဘဲ..ချစ်ပါ့မလား မောင်။.

သေတပန် တသက်..
ရိုးမြေကျ ပေါင်းဖက်..
ရှေးရိုးကျတယ်..ပြောပြော..
ကျမတော့ စွဲမြဲချစ်တတ်တဲ့သူ..
အပြောင်းအလဲ မုန်းတီးတဲ့သူ

မယုံကြည်လို့ မဟုတ်ဘူး..
မပြောင်းလဲမဲ့..မောင့် အချစ်.
ပြောင်းလဲခဲ့ လည်းအစဉ်ချစ်..
တဘဝတာ.ရင်တနင့်နင့်..
မျှော်လင့်ပြီးဘဲချစ်ပါရစေ။

ကိန္နရာတွေ လို ချောင်းခြားတဲ့မျက်ရည်..
အောက်ချင်းဌက်တို့  အဖေါ်ကွဲရုံနဲ့ သေ.
အချစ်စစ်၏ သက်သေ..
မပြောင်းလဲခြင်းသာ..
မပြောင်းလဲမဲ့ ပရမတ် တရား..
ကျမရဲ့ သစ္စာစကားမှာ..
မောင်ရယ်.. အကြွင်းမဲ့ ယုံကြည်ပါ။

မ (၈။၁၇။၂၀၀၈)

ချိပ်ပိတ် အခန်းတံခါးများရဲ့ အဖွင့်


ချိပ်ပိတ်ထားခဲ့ တံခါးတစ်ချပ်..
ကြောက်ရွံ့  မုန်းတီးခဲ့တဲ့ အချစ်တစ်ရပ်..
သူ နဲ့ အတွေ့ မှာ နိဂုံးသတ်ခဲ့တယ်..

ညအမှောင်..လမရှိည..
တာရာကြယ်..ကြွေခ..
သန်းခေါင်ယံ အလွမ်းမျက်ရည်စ
တဖန် ပြန်နိုးထ..
အာရုဏ်ဦး.နေခြည်..
ကန့် လန်ကာ..အမ.
နေ့ သစ်သို့  ပြန်စပြီ
လန်းဆတ်တဲ့ ဘ၀တစ်ခုဆီ။
ထူးဆန်းသည်..ထင်မလား..


မချစ် မနှစ်သက်သူနဲ့ 
ညပေါင်း ကဋ္ဋေ.
ကိုယ်လေ..ခြောက်သွေ့ တဲ့ ပန်းတစ်ပွင့်
နေလောင် ညှိုးညစ်။

ချစ်ခင်သူနဲ့ မိနစ်ပေါင်းတစ်ထောင်..
ကိုယ်လေ..စီးဆင်းနေတဲ့ရှင်သန်မြစ်..
ဘဝဟာ အချစ်အတွက်..အသစ်ပြန်ဖြစ်။

လွတ်လပ်တဲ့  လေဆန်မဲ့ ဌက်

ချိတ်ပိတ်ထားတဲ့ တံခါးရွက်..
ပွင့်လေပြီလေ..သူ့ လက်ချက်..
ကဲ..ဝင်လာခဲ့မလား..မောင်..

မ (၈။၁၇။၂၀၀၈)

သူ့ အလိုလို..ချစ်..



သူ ကပြောတယ်.
ကိုယ်ချစ်လာအောင် သူ ဘာမှမလုပ်ခဲ့ပါဘူး
ရိုးရိုးဘဲပြောမိတယ်... ချစ်တယ်.
ဘာကြောင့် ကိုယ် ချစ်မိပါသလဲ..သူ့ ကို။

ကိုယ် ကပြောတယ်.
သူကို ကိုယ် မဆွဲဆောင်ခဲ့ပါဘူး
ရိုးရိုးဘဲပြသခဲ့..ကြင်နာတဲ့ အကြောင်း
ဘာကြောင့် သူ ချစ်မိပါသလဲ..ကိုယ့်ကို။

ဘာကြောင့် ဒီလောက် ချိုနေပါသလဲ။
သူ စကားပြောရင်..
ဘာကြောင့် ဒီလောက် နူးညံ့ ပါသလဲ။
ကိုယ် စကားပြောရင်..
ဘာကြောင့် သူ ဒီလောက် ဂရုစိုက်ပါသလဲ။
ကိုယ့်ကိုတနေ့ မတွေ့ ရင်..
ဘာကြောင့် ဒီလောက် စိတ်ပူရပါသလဲ။
သူ နေမကောင်းရင်..

ကိုယ်တို့  အဝေးကြီးမှာ..
ပုံမှန်မတွေ့ နိုင်ကြပါဖူး.
နေအိုအို..ညိုတဲ့အချိန်..
ကောင်းကင်ပျံ ဌက်တွေ အိပ်တန်းတက်ချိန်
နှစ်ယောက်စလုံးလွမ်းနေတယ်။
ကိုယ်တို့  တနေရာစီနေ..
တွေ့ မဲ့ရက်တွေ ရေနေကြတယ်..
ဒို့ နှစ်ယောက်သား..သိပ်ချစ်တယ်။

မ (၈။၁၇။၂၀၀ဂ)

လမင်းရှက်ရှက်.. ည

ကောင်းကင်အရောင် ပိန်းပိတ်မှောင်
ကတ္တီပါည.. အနက်ရောင်
ကြယ်မီးအိမ် မှိန်တစ်လင်း
ပြည့်ဝန်းပပ လမင်း
ချစ်သူ့ ရင်တွင်း..

ကြယ်တွေကို မော့ကြည့်..
ရေတွက်မိ.
အချစ်ရှိသည့် ကမ္ဘာ..
ပြည့်ဝကုံလုံ ဘဝလုံခြုံတယ်။

ဆံနွယ်တွေ ညလေရိုင်းနှော့နောက်
ပိုးချည်စသို့  လွင့်လွင့်လူး.
ကိုယ်သင်းရနံ့  တစ်ရှိုက်
စိတ်တွေ တိမ်တိုက်လိုဘဲ..
မြေပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်။

အမှောင်ထဲ..မလင်းတလင်း.
သူ့ မျက်ဝန်းရဲ့ အကြည့်.
ရင်မှာ ဆူးဝင်ညိသလို..
ဆားငန်ရေ.အဆက်မပြတ်
ရင်ပူ ဆာလောင် ရေငတ်..

ချုပ်တီးမဲ့ ဝိညာဉ်.
လွင့်ပါးတဲ့..စိတ်အစဉ်..
တိမ်မီးခိုးငွေ့ တောက်လျှောက်.
ချစ်သူနောက် တကောက်ကောက်။

သက်ပြင်းသံရှိုက်ရှိုက်.
လခြည်ဇာ တိမ်ထဲဝင် အရောင်မိုက်.
ပါးပြင်ပေါ်..ညင်သာ..သူနမ်း ခိုက်
အချစ်ရယ်..သူ့ ရင်တွင်း..
ကိုယ်အရည်ပျော်ဆင်းခဲ့ပြီ။

တဒိတ်ဒိတ်သံစဉ် နဲ့ ထွေးသိပ်တဲ့ခဏ
တသက်တာမေ့မရ..
တိမ်ပြာအောက်က လမင်းည။

မ (၈။ ၁၇။၂၀၀၈)