Wednesday, June 30, 2010

my love will see you through

နဲနဲလေး စောင့်လေ
နဲနဲလေးဘဲ။

အချိန်ဆိုတာ တစုံတခုကို နွမ်းသွားစေတဲ့  အဆိပ် ။

တကယ်တော့

ချစ်ခြင်းမှာ
(အို နာ သေ မရှိ)
ချစ်သောသူ သဘောတူရင်။

(Marco sison)
When times get rough
And your dreams just fall apart
And sometimes you feel
That you cant go on
Be strong, hold on
For my love will keep you warm
Through the coldest night
Through the rain, through the storm
When friends turn their backs on you
And you're so helpless
You dont know what to do
I'll be on your side to comfort you
My love will see you through

When the tears are in your eyes
And you feel like you wanna cry
Just reach out and i'll be around to understand
When you stumble and fall
And you need a shoulder to lean on
All you have to do is call
And i'll be there with a helping hand

When the road seem so long and endless
And all you see is nothing but darkness
Dont give up just walk on
Have faith in your heart
For my love will see you through

My love will see you through
When you reach for your star
When you cross the deepest sea
When you climb the highest hill
my love will always be with you
In everything you do
In every step you'll make
In every road you take
Don't be afraid to follow your dreams
For my love will see you through

Saturday, June 26, 2010

ချစ်သူ့ ထံမှ မွေးနေ့ ဆုတောင်း

၂၆-၆-၁၉++




လူ့ ဘ၀အဖြစ်ရှင်သန်ခွင့်ပေးသော ကံအားလည်းကောင်း ၊မြတ်စွာဘုရားကိုယ်တော်ရှင် အားကြည်ငြိုလေးစားခဲ့သော ဆုံးပါးသွားပြီဖြစ်တဲ့ ကျေးဇူးရှင်မွေးသဖခင် နှင့် ဘယ်ရောက်နေမှန်းမသိတဲ့ ၊ အသက်ရှင်နေဦး မယ်ထင်ရတဲ့ မေမေ အားလည်ကောင်း၊ နေ့ စဉ်နှင့်အမျှ အနားတွင်ရှိ ဘ၀ခရီးအတွက် အမြဲတစေ ကူညီ အကြံအဥာဏ်ပေး၊ အင်အားပေး နေသော ကျွန်တော်ချစ်တဲ့  ....မ အားလုံးကို ဒီလိုမွေးနေ့ မှာ ကျေးဇူးတင်ပါရစေ။

Friday, June 18, 2010

ဝေးဝေးကဘဲ ချစ်နေနိုင်သေးတယ်


စောင့်နေခဲ့တယ်
အပ်ဖျားနှစ်ခုဆုံမယ့်နေ့ 
ရင်ထဲမှာရှိသမျှ အိမ်မက်တွေနဲ့ ဆန္ဒတွေကိုသာ
အန်ချပြီး ပြရမယ်ဆိုရင်တောင်
နေရာလောက်မယ်မထင်။

အပြုံးတခု ပေးနိုင်မယ့်နေ့ 
လက်ကလေးဆက် နုတ်ဆက်နိုင်မယ့်နေ့ 
ချစ်သူတို့ ရဲ့ လုပ်ရိုးနည်းအတိုင်း
အနမ်း မပါရင်လည်းဖြစ်တယ်
အနမ်းပါရင်လည်း အဆစ်
တခစ်ခစ်ရယ်လေမလား။


ချစ်သူရယ်
သိပ်လွမ်းတယ်
အော်........လောလောဆယ်တော့
အဝေးကဘဲချစ်နေနိုင်သေးတယ်။

ချစ်များစွာဖြင့်

Friday, June 11, 2010

ယုံကြည်မှု

နုညံ့တဲ့  အသဲပိုင်ရှင် လှပတဲ့ ပန်းတပွင့်
ရွက်လွင့်ပြီး ခူးဖို့ ကြံနေတယ် အဲ့တာကျွန်တော်။

ကြမ်းတဲ့ လှိုင်းတွေ၊ မဲတဲ့တိမ်မှောင်မှောင်
ဘောင်ဘင်ခတ်သွား စေမယ့် လေကြမ်း
ချစ်သူ့  နှုပ်ခမ်းလေး နမ်းဖို့ အရေး
အဲ့ဒီ ဒါဏ်တွေက အရေးကြီးဘူး ဖြစ်နေတော့တယ်။

ငါးထောင်မိုင်ခြားတဲ့  ချစ်သူရယ်
ငါးစက္ကန့် အဝေးမှာ မတွေ့ ချင်သူကို အတင်းမုန်းအောင်ကြိုးစား နေပေမယ့်
ငါးထောင် ဆိုတဲ့ မိုင်ခြားက ချစ်သူ
ရင်ထဲမှာ ခြာခြာလည် ဆူဝေ နေတော့တယ်
တွေ့ ဖို့ အရေး။

အခက်ဆုံးပုစ္စာတိုင်းမှာ အဖြေဆိုတာရှိတယ်လို့ 
သင်္ချာဆရာ သင်ပြဖူးတယ်
လောလောဆယ် ချစ်သူနဲ့  မဆုံနိုင်သေးတဲ့  ပြသနာမှာ
အဖြေရှိတယ်ဆို တာ ယုံကြည်လျက်ပါ။

မနက်ဖန်ကို ဘယ်တော့မှ အထင်မသေးတဲ့ ကျွန်တော်
မနက်ဖန်မှာ ချစ်သူနဲ့ ကျွန်တော် တကယ်
နီးနီးကပ်ကပ်ရှိနေမယ် ယုံကြည်လျက်ပါ။

ချစ်များစွာဖြင့် မောင်... ၂၀၁၀..ဇွန် ၁၂

Saturday, June 05, 2010

ချစ်သူသို့  ရင်ထဲက စာ


ပထမဆုံး ချစ်သူနဲ့ တွေ့ မယ့်နေ့  ဘာ ပန်းပေးရမလဲ စိတ်ထဲ မေးခွန်းတွေ များစွာနဲ့  ရင်လေးနေတော့တယ်။
ပထမဆုံး ချစ်သူနဲ့ တွေ့ ရင် ကိုယ့် ရင်ထဲမှာ ဘာတွေဖြစ်မယ်မသိ အဲ့ဒါစဉ်းစားနေတုန်းဘဲ။
ချစ်သူရယ် ပထမဆုံး အနမ်း ဘယ်လိုနမ်းမလဲ အဲ့ ဒါလဲ...တွေး..မေး...ဖြစ်ရဲ့။
ရင်ထဲမှာတော့ အစီစဉ်ကျကျနဲ့ အနမ်းတခုတော့ ဖြစ်စေချင်တယ် ၊ ပထမဆုံး အနမ်းမို့ ။
အိမ်ထောင်တခုပြုခဲ့ရင် ခေါင်းစဉ်ကြီးကြီး မလိုပါဘူး.. ချစ်သူက အသိမှတ်ပြုလိုက်တဲ့ အပြုံးတခုဘဲဆိုတော်ပြီ။
ကျွန်တော်ချစ်မယ့် အိမ်ထောင်မှာ .. ချစ်သူဟာ ထောင်မကျစေရ
အာမခံပါတယ်။
တကယ်လို့  ချစ်သူကလည်း ဒီအမြင်သဘောတူမယ်ဆိုရင်လေ။
လူနှစ်ယောက်ပေါင်းစီးခြင်းက... စာချုပ်မဟုတ်ဖူးလေ
လူနှစ်ယောက်ပေါင်းစီးခြင်းက.. အချစ်နဲ့ ဘဲချုပ်တယ် .. နောက်မြဲတယ်... မကွဲ ..သေ.. တဆုံး .. မမုန်းကြေး။
သစ္စာမှန်ရင်.. ရင်ခွင်မှာထွေး..ချစ်သူတသက်နွေးစေချင်တဲ့ဆန္ဒ။

လက်ထပ်ထိမ်းမြားခြင်း..ကွာရှင်းပြတ်ဆဲခြင်းတွေ မြင်ဖူးတာ ခဏ ခဏ
သစ္စာရှိတဲ့အချစ် ကမ္ဘာတောင်ရစ်ပါတ်နိုင်တယ်ထင်တာဘဲ။

ဝေးဝေးကချစ်သူရယ် ပထမဆုံးတွေ့ မယ့်နေ့  ဘာပန်းပေးရမယ် စဉ်းစားတုန်း

ချစ်များစွာဖြင့်
မောင်